Classy Glazed Cake

Classy Glazed Cake​

SGD/AUD $100

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 100000kyats)

Course Features

Glaxy Cake -3786-1

Classy Glazed Cake

Mirror Glaze Cake များဟာ သူရဲ့လှပပြီး ပြောင်လက်တဲ့ မျက်နှာပြင်ကြောင့် ခုနောက်ပိုင်း ခေတ်စားလာတဲ့ ကိတ်များလည်း ဖြစ်ပါတယ်။ Mirror Glazeကို သုံးပြီး အလှဆင်ထားတဲ့ ကိတ်များဟာ ခရင်မ်ကိတ်များကဲ့သို့ ပုံဖော်စရာမလိုပဲ အမြင်လှနေခြင်းဟာ သူ့ရဲ့ အားသာချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီသင်တန်းမှာတော့ ကိတ်အလှဆင်နည်း ဒီဇိုင်း၃မျိုး (Blue Ocean Glazed Cake/ Galaxy Glazed Cake/ Patterned Glazed Cake ) ဖန်တီးပြထာပါတယ်။ Classy Glazed နာမည်အတိုင်း ကိတ်များအား Classy look ရအောင်ဖန်တီးချင်သူများ တက်သင့်တဲ့ သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီသင်တန်းတက်ပြီးသွားရင်တော့ Mirror Glaze သဘောတရားများ၊ Mirror Glaze ပြင်ဆင်ရင်သတိထားရမယ့်အချက်များကိုသိသွားမှာဖြစ်သလို ကိတ်အလှဆင်နည်း၊ ခရင်မ်ရွေးချယ်နည်း၊ ခရင်မ်ဖြည့်နည်း၊ ကိတ်ခရင်မ်ပတ်နည်း ချောကလက် Mould သုံးနည်း၊ ချောကလက် အရောင်စပ်နည်းနဲ့ ချောကလက် ပုလဲလုံးအကြီး၊ ကမ္ဘာလုံးပုံ များကိုပါလုပ်တတ်သွားမှာဖြစ်ပါတယ်

Course Details:

▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • ဂျုံများ အကြောင်း
  • ပွဆေးများအကြောင်း (baking powder/ baking soda/SP)
  • ကြက်ဥ၊ အဆီ၊ သကြား များရဲ့ လုပ်ဆောင်ပုံ
  • Mirror Glaze လုပ်နည်း အသေးစိတ်၊ သဘောတရားများ
  •  Mirror Glaze ဖြင့် Blue Ocean/ Galaxy/ Pattern ကိတ်ပုံရအောင်လောင်းနည်း အရောင်စပ်နည်းများ
  • အတွင်းဖြည့်ခရင်မ်ပြုလုပ်နည်း ခရင်မ်ကိုင်တွယ်နည်း
  • ကိတ်ပတ်သည့်ခရင်မ် ( ဒီသင်တန်းအတွက် special cream ကိုသုံးထားပါတယ်)
  • ကိတ်ကိုခရင်မ်အုပ်နည်း၊ အလှဆင်နည်:
  • ချောကလက်မိုလ်အသုံးပြုနည်း၊ ချောလက်ဖြင့် sea creatures/ ကမ္ဘာလုံးပုံစံငယ် / ပုလဲလုံးအကြီးလုပ်နည်း
 
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၉ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက်  မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $100ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး ၁၀၀၀၀၀ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸 ကိတ်သားလုပ်နည်း အသေးစိတ်အဆင့်ဆင့်

 

🔸ကိတ်အတွက် သုံးထားသော ခရင်မ် ၂ မျိုးပြုလုပ်နည်းး

🔸အလှဆင်ရန်ချောကလက်များ ပုံသွင်းနည်း

🔸 Mirror Glaze ပြင်ဆင်နည်း

🔸 Blue Ocean Cake အလှဆင်နည်း

🔸 Galaxy Mirror Glaze Cake အလှဆင်နည်း

🔸 Spider Web Mirror Glaze အလှဆင်နည်း

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်