FAQ

သင်တန်းမအပ်မီ မေးလေ့ရှိတဲ့ မေးခွန်းများကို စုစည်းပေးထားပါတယ်။

01.

သင်တန်းကို ဘယ်လိုပို့ချမှာပါလဲ

သင်တန်း တစ်ခုစီအတွက် Facebook group ဖွဲ့ပြီးpre recorded videos တွေနဲ့ သင်မှာဖြစ်ပါတယ်။ group ကို မဖျက်ပဲ အမြဲထားပေး ထားမှာပါ

02.

အပြင်သင်တန်းရှိပါသလား၊ ကိတ်မုန့်ဖုတ်ခြင်းအတွေ့အကြုံ လုံးဝမရှိတဲ့ သူတွေရော ဒီသင်တန်းတွေ တက်လို့ ရပါသလား

Online သီးသန့်ပါ။ သင်တန်းတိုင်းအတွက် မုန့်တစ်ခုလုပ်မယ်ဆိုရင် သိသင့်တဲ့ အခြေခံက စပြီး အသေးစိတ်ကို သင်ပြပေးထားတာကြောင့် မည်သူမဆိုတက်ရောက်နိုင်ပါတယ်

03.

သင်တန်းကြေး ဘယ်လိုပေးသွင်းရပါမလဲ

သင်တန်းများအားလုံးကို AUD/ SGD နဲ့သတ်မှတ်ထားပါတယ်. Overseas students များအနေနဲ့ Australia NAB/ Singapore POSB/DBS သို့မဟုတ် PayPal Acc မှတဆင့် စာရင်းသွင်းနိုင်ပါတယ်။ မြန်မာပြည်တွင်းနေထိုင်သူများအတွက်တော့ သီးသန့် အထူးစျေးနှုန်းများ သတ်မှတ်ပေးထားပြီး KBZ/ Kpay Acc များနဲ့လက်ခံပေးပါတယ်။ မှတ်ချက် -ငွေလွှဲနှုန်းနဲ့ တွက်ထားခြင်းမရှိသော အထူးစျေးနှုန်းပါ

04.

သင်တန်းကာလ ဘယ်လောက်ကြာပါသလဲ

Online သင်အတန်းအတွက် အချိန်ကာလ သတ်မှတ်ချက်မရှိပါ။

05.

သင်တန်းတက်ရန် ဘာတွေလိုအပ်ပါသလဲ

မုန့်ဖုတ်စက် (Electric or gas oven) ၊ မုန့်မွှေစက်( mixer )၊ ဂျုံချိန်စက်များရှိရန်လိုအပ်ပါတယ်။ Ingredients များကိုတော့ သက်ဆိုင်ရာ သင်တန်းအလိုက် group များအတွင်း ပေးထားပါတယ်။