About Us

About Evy

Evy’s Kitchen blog စာမျက်နှာကို မအိက ၂၀၀၉ စက်တင်ဘာမှာ စတင်ခဲ့ပြီး မုန့်လုပ်နည်းများ၊ ဟင်းချက်နည်းများကို မျှဝေခဲ့ပါတယ် ပါတယ်။ Evy’s Kitchen Facebook Page နှင့် YouTube platform များမှလည်း မုန့်လုပ်နည်း ဟင်းချက်နည်းများစွာကို မျှဝေနေဆဲဖြစ်ပါတယ်။

Online မုန့်ဖုတ်သင်တန်းများကိုတော့၂၀၂၀ ဇွန်လမှစပြီး ပို့ချခဲ့ပါတယ်။ စုစုပေါင်းသင်တန်း ၁၆ ခု ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်ကနေလေ့လာနေကြတဲ့ ကျောင်းသားစုစုပေါင်း ၂၀၀၀ ကျော်နေပါပြီ။ High end home bakery တွေအတွက်ရည်ရွယ်သလို မိသားစုအတွက် သေသပ်လှပတဲ့ကိတ်များ ဖန်တီးချင်သူများအတွက် စီစဉ်ခဲ့တဲ့ သင်တန်းတွေဖြစ်ပါတယ်။

၂၀၁၂ မှာစတင်ထုတ်ဝေခဲ့သော လွယ်ကူဆန်းသစ်သောမုန့်လုပ်နည်းများ(၁) အပါအဝင် မုန့်လုပ်နည်းစာအုပ် ၄ အုပ် + ဟင်းချက်နည်း စာအုပ် ၁ အုပ်-စုစုပေါင်း ၅ အုပ်ထုပ်ဝေထားပြီး နောက်ဆုံးစာအုပ်ကိုတော့ ၂၀၂၁ ဒီဇင်ဘာမှာထုတ်ဝေခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ Electrical / Electronics အင်ဂျင်နီယာဘာသာရပ်နဲ့ Nanyang Technological University, Singapore မှ ကျောင်းပြီးခဲ့ပေမယ်လည်း မုန့်ဖုတ်ချင်းနဲ့စတင်ထိတွေ့မိချိန်မှစပြီး ၀ါသနာပါလွန်းတာကြောင့် Singapore နိုင်ငံ နှင့် Australia နိုင်ငံရှိ Baking Schoolများသို့ထပ်မံတက်ရောက်ပြီးအခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှဆင်ခြင်းဘာသာရပ်များသင်ယူခဲ့ပြီး food safety certificate များလည်းရယူခဲ့ပါတယ်။

မအိရဲ့ profession ကတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ Australia နိုင်ငံ Perth မြို့မှာ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ အချိန်ပြည့် အင်ဂျင်နီယာအလုပ်ကို လုပ်ကိုင်လျက်ရှိပြီး တစ်ဖက်မှာလည်း Evy’s Kitchen Facebook page မှမုန့်လုပ်နည်းမျှကို မျှဝေလျှက်ရှိပါတယ်။

သင်ယူခြင်းဆိုသည်မှာ မပြီးဆုံးနိုင်တဲ့ ခရီးတစ်ခုလို့သတ်မှတ်ထားတာကြောင့် မုန့်ဖုတ်ခြင်း အလှဆင်ခြင်းများကို ယနေ့တိုင်သင်ယူနေဆဲပါ။ သင်ယူခဲ့ရတဲ့ နည်းပညာများနဲ့ ကိုယ်ပိုင် တီထွင်ခြင်းများနဲ့ ပေါင်းစပ်ပြီး စိတ်ဝင်စားစရာမုန့်များကို ဖန်တီးတင်ဆက်ခြင်းဟာလည်း မအိရဲ့ မုန့်လုပ်ခြင်း ခရီးရဲ့ ရည်မှန်းချက်ပါ။ စိတ်ဝင်စားစရာကောင်းတဲ့ မုန့်တွေ၊ သင်တန်းတွေကိုလည်း သပ်ရပ်ကောင်းမွန်တဲ့ ဓာတ်ပုံ၊ video များစွာနဲ့ တင်ဆက်သွားနိုင်ဖို့ အစဉ်ကြိုးစားလျက်ပါ။၁

Cakes Gallery

My Baking books