Festive Cake

Festive Cake

SGD/AUD $100

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 100000kyats ကျပ်)

Course Features

_67A3367-1 Real bark color

Festive Cake

December လတွေဆိုရင် သူနဲ့ လိုက်ဖက်ညီတဲ့ ကိတ်တွေဖြစ်တဲ့ သစ်တုံးကိတ်တွေကို ကိတ်မုန့်ဆိုင်တွေပေါ်မှာ တွေ့ရလေ့ရှိပါတယ်။ အဲလို သစ်တုံးကိတ်များကို အလွယ်တကူဖန်တီးနိုင်စေဖို့ အတွက် ဒီသင်တန်းမှာ ကိတ်လုပ်နည်း ၂မျိုးကို သင်ပြပေးထားပါတယ်။ ချောကလက် ချစ်သူများအတွက် တကယ့်သစ်ခေါက်သဖွယ်ဖန်တီးထားတဲ့ ချောကလက်ကိတ် လုပ်နည်း နဲ့ နှင်းတွေဖုံးနေတဲ့ white Christmas cake ရယ် ပါဝင်ပါတယ်။ မိမိကိုယ်တိုင်ဖန်တီးထားတဲ့ သစ်တုံးကိတ်တွေလေးနဲ့ festive season ကို ပါဝင်ဆင်နွဲချင်သူများ၊ home bakery များအတွက် အထူးသင့်တော်သော သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်

Course Details:

▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • ဂျုံများ အကြောင်း
  • ပွဆေးများအကြောင်း (baking powder/ baking soda/SP)
  • ကြက်ဥ၊ အဆီ၊ သကြား များရဲ့ လုပ်ဆောင်ပုံ
  • ကိတ်သား (၂မျိုး)လုပ်နည်း အသေးစိတ်
  • ချောကလက်ခရင်မ်လုပ်နည်း
  • ချောကလက်ကို သဘာဝသစ်ခေါက်ပုံရအောင်ပုံသွင်းနည်း
  • Topping/ Whipping ခရင်မ်ကိုင်တွယ်နည်း
  • ကိတ်ကိုခရင်မ်အုပ်နည်း၊ အလှဆင်နည်း
 
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၅ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 
 
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက် မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $100ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး ၁၀၀၀၀၀ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸ချောကလက်ကိတ်လုပ်နည်း


🔸ချောကလက်ခရင်မ်ပြုလုပ်နည်း

🔸ချောကလက်သစ်ခေါက်ပြုလုပ်နည်း

🔸ကိတ်ပုံသွင်းနည်း

🔸ကိတ်သားအဖြူလုပ်နည်း
🔸ခရင်မ်မွှေနည်း
🔸Cake Decoration Steps
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်