Honey Cake

Honey Cake

SDG/AUD $95

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 95000kyats)

Course Features

yt2 class-2539-2

Honey Cake

Russian Honey Cake ဟာအလွှာပေါင်းများစွာပါဝင်ပြီး ထူးခြားတဲ့အရသာကြောင့် လူကြိုက်များတဲ့ ကိတ်တစ်ခုဖြစ်ပါတယ်။ ပျားရည်ကိတ်သား၊ special cream များအပြင် ၊ unique ဖြစ်တဲ့ filling တစ်မျိုးကို ရောစပ်ထားတဲ့ အတွဲအစပ်ကြောင့် တခြားသမားရိုးကျ ကိတ်များနဲ့ အရသာကွဲထွွက်နေသော ကိတ်တစ်ခုပါ။ မုန့်ဆိုင်လုပ်ငန်းလုပ်ကိုင်သူများ Home Bakery များသိထားသင့်သော မုန့်လုပ်နည်းတစ်မျိုးဖြစ်ပါတယ်။

Course Details:

▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ

 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • ဂျုံများ အကြောင်း
  • ပွဆေးများအကြောင်း (baking powder/ baking soda/SP)
  • ကြက်ဥ၊ အဆီ၊ သကြား များရဲ့ လုပ်ဆောင်ပုံ
  • ကိတ်သား လုပ်နည်း အသေးစိတ်
  • Special cream နဲ့ အရသာထူးခြားတဲ့ နောက် filling တစ်မျိုုးလုပ်နည်း
  • ကိတ်ခရင်မ်ပတ်နည်း နဲ့ ရိုးရိုးရှင်းရှင်း အလှဆင်နည်
  • Cake toppers လုပ်နည်း (ပျားသလက်ပုံ၊ ပျားကောင်ပုံလေးများ)
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၀ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်
 
  

▪️သင်ကြားမှုပုံစံ

  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက်   မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $95ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး ၉၅၀၀၀ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်
 

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸မွေးနေ့ကိတ်အတွက် ကိတ်သားလုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸နူးညံ့သော မုန့်သားရအောင်ဖန်တီးနည်း

🔸စနစ်တကျ အအေးခံနည်း

🔸မုန့်အလှမဆင်ခင် သိမ်းနည်း

🔸မတူသော ခရင်မ်များအား ရွေးချယ်ခြင်း
🔸ခရင်မ်မွှေနည်း
🔸ခရင်မ်အရောင်စပ်နည်း၊ ကိုင်တွယ်နည်း

🔸ပန်းဆွဲနည်း အခြေခံများ ( basic piping techniques)

🔸ကိတ်အလှဆင်ခရင်မ်ပတ်နည်း

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်