Buttercream Flower Bouquet

Buttercream Flower Bouquet

SGD/AUD $120

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 120000kyats)

Course Features

yt2e-2328

Buttercream Flower Cake

Advance ကိတ်အလှဆင်နည်းကို စိတ်ဝင်စားသူများ၊ Buttercream ဖြင့် ပန်များဖန်တီးလိုသူများ၊ Buttercream ပန်းစီးကိတ် အော်ဒါလက်ခံလိုသော bakery/ home bakery များ တက်သင့်သော သင်တန်းတစ်ခုဖြစ်ပါတယ်

Course Details:

Flower Bouquet ကိတ်ဟာအခုလက်ရှိ ကမ္ဘာတဝှမ်းမှာ ရေပန်းစားလာတဲ့ ကိတ်လည်းဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့ အတူစီးမျောကြဖို့ မအိဒီသင်တန်းကိုစခဲ့ပါတယ်။
 

ဒီကိတ်ဟာ ပန်းစည်းလိုဖြစ်အောင်လည်း ဖန်တီးထားတာဖြစ်တာကြောင့့် လက်ဆောင်ပေးတဲ့အခါမှာလည်း အမြင်အရမ်းလှပါတယ်။
ဒါ့အပြင် Special Occasion တစ်ခုခုမှာ Surprise လုပ်လို့ကောင်းအောင် မအိက Hidden Treasure လို့တင်စားထားတဲ့ လျို့ဝှက်လက်ဆောင်လေးတွေ ထည့်လို့ရအောင် ဖန်တီးပေးထားပါတယ်။

▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ

  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • ဂျုံများ အကြောင်း
  • ပွဆေးများအကြောင်း (baking powder/ baking soda/SP)
  • ကြက်ဥ၊ အဆီ၊ သကြား များရဲ့ လုပ်ဆောင်ပုံ
  • Modified Buttercream လုပ်နည်း အစအဆုံးအသေးစိတ် (ရိုးရိုး traditional Buttercream နဲ့ကွာခြားချက်များ)
  • ယနေ့စျေးကွက်ထဲရှိ Buttercream အမျိုးမျိုးအကြောင်းအပြင် ခေတ်စားလာတဲ့ Korea Buttercream အကြောင်းသိကောင်းစရာမျာ
  • ကိတ်သား လုပ်နည်း အသေးစိတ်
  • ပန်းစည်းအတွက် သုံးမယ့် ပန်းဆွဲနည်းများ (Basic & Advanced piping techniques)
  • ခရင်မ်အရောင်စပ်နည်း၊ ကိုင်တွယ်နည်း
  • Hidden Treasure Flower Bouquet ပန်းစည်း စီးနည်း ၂ မျိုး ကိုအမြင်အလှဆုံးဖြစ်အောင် စီးနည်းမျာ
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၃ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 

▪️သင်ကြားမှုပုံစံ

  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက်  မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း

▪️Why Learn with Evy?

  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $120ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး ၁၂၀၀၀၀ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸 ကိတ်သားလုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸Buttercream လုပ်နည်းအသေးစိတ်အဆင့်ဆင့် ( Korea Buttercrea/ Italian Buttercream) 

🔸ပန်းဆွဲနည်းများ ( Basic & Advanced piping techniques)

🔸ခရင်မ်အရောင်စပ်နည်း၊ ကိုင်တွယ်နည်း

🔸Hidden Treasure Flower Bouquet ပန်းစည်း စီးနည်း ၂ မျိုး

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်