Birthday Cake

Basic Birthday Cake

SGD/AUD $95

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 95000 kyats)

Course Features

Birthday Cakes

Fresh Cream Birthday Cake/ Basic cake decoration class by Evy’s Kitchen
 
ကိတ်လုပ်နည်း စိတ်ဝင်စားသူများ မွေးနေ့ကိတ်ကို ကိုယ်တိုင်ဖန်တီးလိုသူများ Home Bakery များတက်သင့်သောသင်တန်းတစ်ခုဖြစ်ပါတယ်

Course Details:

ကိတ်လုပ်နည်း စိတ်ဝင်စားသူများ မွေးနေ့ကိတ်ကို ကိုယ်တိုင်ဖန်တီးလိုသူများ Home Bakery များတက်သင့်သောသင်တန်းတစ်ခုဖြစ်ပါတယ်
 
Basic cake decoration သင်တန်းဖြစ်တာကြောင့် သုံးတဲ့ ပစ္စည်းတွေကိုလည်း အခြေခံ အကျဆုံး မသုံးမဖြစ်သုံးရမယ့် Utensils တွေသာ သုံးပြထားပါတယ်။ ဒီသင်တန်းဟာ အခြေခံ မွေးနေ့ကိတ် အလှဆင်နည်းလို့သာ နာမည်တပ်ထားပေမယ့် မအိက techniques တွေကိုလည်း သင်တာဖြစ်တာကြောင့် ဒီသင်တန်းပြီးသွားရင် တခြား ဒါနဲ့ ဆက်စပ်တဲ့ မုန့်တွေကိုလည်း ဖန်တီးနိုင်စေဖို့ ရည်ရွယ်ပါတယ်
 
▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • ဂျုံများ အကြောင်း
  • ပွဆေးများအကြောင်း (baking powder/ baking soda/SP)
  • ကြက်ဥ၊ အဆီ၊ သကြား များရဲ့ လုပ်ဆောင်ပုံ
  • အသုံးပြုမယ့် ကိတ်သားနဲ့ လိုက်ဖက်မယ့် ခရင်ရွေးချယ်နည်း၊ ခရင်များအကြောင်း
  • အတွင်းကိတ်သား လုပ်နည်း အသေးစိတ်
  • ပန်းဆွဲနည်း အခြေခံများ ( basic piping techniques)
  • ခရင်မ်အရောင်စပ်နည်း၊ ကိုင်တွယ်နည်း
  • မွေးနေ့ကိတ်အလှဆင်နည်း အသေးစိတ် (ကိတ်ကို ခရင်မ်အုပ်နည်း၊ အလှဆင်နည်း)
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၀ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက် မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $95 ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး 95000 ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
  Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸မွေးနေ့ကိတ်အတွက် ကိတ်သားလုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸နူးညံ့သော မုန့်သားရအောင်ဖန်တီးနည်း

🔸စနစ်တကျ အအေးခံနည်း

🔸မုန့်အလှမဆင်ခင် သိမ်းနည်း

🔸မတူသော ခရင်မ်များအား ရွေးချယ်ခြင်း
🔸ခရင်မ်မွှေနည်း
🔸ခရင်မ်အရောင်စပ်နည်း၊ ကိုင်တွယ်နည်း

🔸ပန်းဆွဲနည်း အခြေခံများ ( basic piping techniques)

🔸ကိတ်အလှဆင်ခရင်မ်ပတ်နည်း

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်