Lavish Chocolate Cake

Lavish Chocolate Cake

Only $95

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 95000)

Course Features

_67A8363-1-11

Lavish Chocolate Cake

မွေးနေ့ကိတ် ,celebration ကိတ်တွေကို ချောကလက် အရသာအပြည့်နဲ့ ဖန်တီးချင်သူများ အတွက် Evy’s Kitchen ကစီစဉ်တဲ့ Lavish Chocolate Cake Online Baking class

Course Details:

ဒီသင်တန်းတက်ပြီးသွားရင်တော့ ချောကလက်ကိတ်ကို Luxry ပုံစံကိတ်တစ်ခုဖြစ်အောင် အခက်အခဲမရှိဖန်တီးသွားနိုင်မှာပါ..အခြေခံမရှိသူတွေလည်း တက်လို့ရတဲ့ သင်တန်းဖြစ်တာမို့ လူတိုင်းလိုက်လုပ်နိုင်တဲ့ သင်တန်းတစ်ခုပါ။
Chocolate ဆိုတာဟာ ချစ်ခြင်းရဲ့ သင်္ကေတတွေထဲက တစ်ခုဖြစ်တာကြောင့် ကိုယ်ချစ်ခင်နှစ်သက်သူတွေအတွက် မုန့်လေးတွေလက်ဆောင်ပေးဖို့ စီစဉ်မယ်ဆိုရင်လည်း အသင့်တော်ဆုံးမုန့်လေးပါပဲ…
 
 
 
▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • 🔸ချောကလက်ကိတ်သားပြုလုပ်နည်းအဆင့်ဆင့် (many tips & trick)
    🔸Luxury cream အတွင်းဖြည့်ခရင်မ် ပြုလုပ်နည်း
    🔸ကိတ်အလှဆင် ချောကလက်ခရင်မ်ပြုလုပ်နည်း
    🔸ကိုင်ရခက်လို့ ကြောက်ကြတယ် ပြောကြတဲ့ Whipping cream သီးသန့်သာအသုံးပြုပြီး ကိတ်ပတ်နည်း အသေးစိတ် အဆင့်ဆင့် 🌟🌟
    🔸Whipping cream ကိုင်တွယ်နည်း ဗဟုသုတ သိကောင်းစရာများ
    🔸ချောကလက် သစ်ရွက်များလုပ်နည်း
    🔸Chocolate dripping ပြုလုပ်နည်း (Right texture & right temperature)
    🔸ချောကလက်ခရင်မ်ဖြင့် ပန်းဆွဲနည်း အခြေခံ
    🔸မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
    🔸ဂျုံများ အကြောင်း
    🔸 ပွဆေးများအကြောင်း (baking powder/ baking soda)
    🔸ကြက်ဥ၊ အဆီ၊ သကြား များရဲ့ လုပ်ဆောင်ပုံ
    🔸မုန့်လုပ်သုံး Utensil များအကြောင်း။
    အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၂ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( ဘေးမှာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက် Trainer မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၂၀၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $95 ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး 95000 ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸ကိတ်သားလုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸နူးညံ့သော မုန့်သားရအောင်ဖန်တီးနည်း

🔸စနစ်တကျ အအေးခံနည်း

🔸မုန့်အလှမဆင်ခင် သိမ်းနည်း

🔸မတူသော ခရင်မ်များအား ရွေးချယ်ခြင်း
🔸ခရင်မ်မွှေနည်း
🔸ခရင်မ် ကိုင်တွယ်နည်း

🔸ပန်းဆွဲနည်း အခြေခံများ ( basic piping techniques)

🔸ကိတ်အလှဆင်ခရင်မ်ပတ်နည်း

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်