Signature Cheesecake

Signature Cheesecake

       SGD/AUD $100

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 110000 kyats)

Course Features

yt-5700-1

Signature Cheesecake (ချိစ်အမျှင်ကိတ်)

2013 ဒီဇင်ဘာမှာ Evy’s Kitchen မှ release လုပ်ခဲ့ပြီး “ချိစ်အမျှင်ကိတ်” ရယ်လို့ နာမည်ပေးခဲ့တဲ့ မုန့်လေးပါ။ အဲဒီကတည်းက လူအရမ်းစိတ်ဝင်စားကြပြီးအမေးများတဲ့ကိတ်..ခုနောက်ပိုင်း Online သင်တန်းတွေစပေးတည်းက မေးကြတဲ့ Evy’s Kitchen ရဲ့ Signature Cheese Cake (ချိစ်အမျှင်ကိတ်) ကို Online baking class အဖြစ် release လုပ်ပြီမို့သင်တန်းတက်ချင်သူတွေ စာရင်းပေးလို့ရပါပြီရှင်။ 
 

Course Details:

ဒီသင်တန်းအတွက် အထူးအစီအစဉ်အနေနဲ့ Cheese အမျှင်ကို To the next level ဆိုပြီး Decoration ပါထည့်လို့ရအောင် modifications တွေလုပ်ထားပါတယ်။ 
 
quality ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် အဖက်ဖက်က ကြိုးစားထားတာအပြင် အဓိကကျတဲ့ ကိတ်အတွင်းခရင်မ်၊ ကိတ်သားကအစ ၂၀၁၃ ကလုပ်ခဲ့တဲ့နည်းထက်ကို ပိုပြီး ကောင်းသထက် ကောင်းအောင်လုပ်ထားတာကြောင့် အရသာပိုင်းရော အပြင်အဆင်မှာပါ တကယ့် To the next level မို့လို့ အားလုံးစိတ်ကျေနပ် တက်ရကြိုးနပ်မယ်ဆိုတာ ပြောရဲပါတယ်။
 
▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • အတွင်းကိတ်သားလုပ်နည်းအဆင့်ဆင့်
  • Signature Cheese Cake Special Filling Cream လုပ်နည်း
  • Decoration Cream ပြင်ဆင်နည်း
  • Chocolate decoration ပြင်ဆင်နည်း
  • ကိတ်အလှဆင်နည်း ၂ မျိုး ( Normal & To the next level version)
 
အစရှိသဖြင့် အသေးစိတ် HD video များနဲ့ သင်ပြပေးထားပါတယ်။
 
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက်  မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $100 ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး 110000 ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸မုန့်ဖုတ်ရာတွင် သိသင့်သောအခြေခံစက် ပစ္စည်းများ၊ Utensil များအကြောင်း

🔸 ကိတ်သား လုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸Chocolate decoration ပြင်ဆင်နည်း

🔸Signature Cheese Cake Special Filling Cream လုပ်နည်း
 

🔸 ကိတ်အလှဆင်နည်း ၂ မျိုး ( Normal & To the next level version)

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်