Cookies Culture

Cookies Culture

SGD/AUD $100

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး 110000 kyats)

Course Features

Evykitchen-2-5

Cookie Culture

အရသာရှိ အမြင်လှပြီး ဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့မရသော Cookies လုပ်နည်း ၃ မျိုးပါဝင်သော အတန်းဖြစ်ပါတယ်။
Salted Egg Cookies, Brownies Cookies & Decorative Cookies များပဲဖြစ်ပါတယ်။ အရသာအကောင်းဆုံးဖြစ် အောင်အကြိမ်ပေါင်းများစွာ recipe adjust လုပ်ခဲ့ပြီး စိတ်ကြိုက်အရသာရတော့မှ သင်တန်းအတွက် သီးသန့်စီစဉ်ထားတဲ့ ကွတ်ကီးလုပ်နည်းများလည်းဖြစ်ပါတယ်။

Course Details:

Salted Egg Cookies, Brownies Cookies များကတော့ လက်ဆောင်ပေးရန် ကော်ငးမွန်လှတဲ့ ကွတ်ကီးများဖြစ်ပါတယ်။ Decorative Cookies များကတော လမ်းသစ်ဖောက်လိုတဲ့ home bakery များအတွက်အထူးပင်သင့်တော်ပါတယ်။ ဒီအတွက် အတွက်မအိက cookies decorationကို 🔸method ၂ မျိုး🔸 နဲ့ decorate လုပ်ပြထားပါတယ်။
အလှဆင်ထားပေမယ့် သယ်ယူလို့လွယ်တာကြောင့်မွေးနေ့အတွက် ရိုးရိုး birthday cake အစား Cookies ကို Theme လေးတစ်ခုဖန်တီးပြီး box လှလှလေးနဲ့ ပေးတာမျိုး ၊ ကိတ်နဲ့ cookies ကို တွဲရက် အော်ဒါလက်ခံတာမျိုး၊ ၊ မင်္ဂလာဆောင်မှာ လက်ဆောင်ပြန်ကမ်းတဲ့ နေရာမှာ ဒါလေးတွေကို တစ်ခုချင်းစီထည့်ပြီး ကမ်းတာမျိုး၊ Valentine special theme လေးတွေ လုပ်တာမျိုး စသဖြင့် သုံးလို့ရတဲ့ နေရာတော်တော်များပါတယ်။
Evy’s Kitchen Online သင်တန်းတွေရဲ့ ထုံးစံအတိုင်း basic knowledge တွေ၊ ကွတ်ကီးလုပ်တာ၊ Cookies decoration နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်တွေ အသေးစိတ် ထည့်ထားပေးပါတယ်။
 
▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • ဂျုံချိန်စက်၊ Oven သုံးနည်း၊ mixer ရွေးချယ်နည်း၊ 
  • Introduction to Baking Utensils
  • Salted Egg Cookies လုပ်နည်း 
  • Brownies Cookies လုပ်နည်း 
  • Decorative Cookies လုပ်နည်း
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်း ၁၆ ခု နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos (မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက် မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $110 ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး 110000 ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸မုန့်ဖုတ်ရာတွင် သိသင့်သောအခြေခံစက် ပစ္စည်းများ၊ Utensil များအကြောင်း

🔸Salted Egg Cookies

🔸Brownies Cookies

🔸Decorative Cookies Base

🔸2 types of decorations

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်