Trendy Cupcakes

Trendy Cupcakes

SGD/AUD $95

(မြန်မာပြည်တွင်းနေထိုင်သူများ

အတွက် အထူးစျေး 95000kyats)

Course Features

cupcake-1

Trendy Cupcakes

Cupcake လေးတွေကို အခုခေတ် trendy ဖြစ်နေတဲ့ ဒီဇိုင်းလေးတွေနဲ့ လှလှပပ ဖန်တီးကြမယ်။
ကိတ်မုန့်ဝါသနာရှင်များ၊ အခုမှ မုန့်စလုပ်မယ့်သူများအတွက် အထူးပင်သင့်တော်သလို ကလေးတွေပါ ၀ိုင်းလုပ်လို့ရတဲ့ ကိတ်လေးတွေဖြစ်တာကြောင့် သားသား၊မီးမီးလေးတွေနဲ့ bonding activities လုပ်ချင်တဲ့ မေမေေ တွေလည်း တက်သင့်သော အတန်းလေးတစ်ခုဖြစ်ပါတယ်။

Course Details:

ဒီသင်တန်းမှာဆိုရင်
• Triple Durian Cake
• Chocolate Salted Egg Cupcake
• Rose Syrup Cupcake
တို့ပါဝင်ပါတယ်…
 
မုန့် ၃မျိုးအတွက် မတူတဲ့လုပ်နညး် ၃ ခုနဲ့ ကွာခြားတဲ့ ကိတ်သား၃မျိုး လုပ်နည်းကို လေ့လာနိုင်ကြမှာပါ…
 
Triple Durian Cupcake ကတော့ အသီးများရဲ့ဘုရင်လို့ တင်စားကြတဲ့ ဒူးရင်းသီး special ပါရှင်.. ဒူးရင်းသီးရာသီမှာ မဖြစ်မနေလုပ်သင့်တဲ့ကိတ်တစ်ခုပါ.
ကိတ်ကို ဒူးရင်းသီးခရင်မ်ညှစ်ထည့်တာမျိုးသက်သက်မဟုတ်ပဲ ကိတ်သားထဲမှာကို ဒူးရင်းသီးထည့်ပြီးဖုတ်ထားတာမို့ ဘာခရင်မ်မှ မပါပဲ သူ့ချည်းသက်သက်ကို စားလိုက်တာနဲ့တင် ဒူးရင်းသီးစားလိုက်ရသလိုမျိုး ဖြစ်နေတဲ့့ reciepကိုသင်ထားပေးပါတယ်..
အဲဒါကိုမှ ဒူးရင်းသီးအနှစ် ဒူးရင်းသီးခရင်မ်နဲ့ဆိုတော့ ဒူးရင်းသီးချစ်သူများ လက်လွတ်နိုင်မှာမဟုတ်တဲ့ ကိတ်တစ်ခုပါ.. … ဒါ့အပြင်မအိက အလှဆင်တာ ကြိုက်သူတွေအတွက် ဒူးရင်းသီးပုံစံငယ်လေးကိုပါ လုပ်ပြထားပြီး Decoration ၂မျိုးနဲ့ ဖန်တီးပြပေးထားပါတယ်..
 
နောက်တစ်ခုကတော့ ချောမွတ်နေတဲ့ မျက်နှာပြင် နဲ့ အိစက်နေတဲ့ Chocolate Salted Egg Cucpake ပါ… အတွဲအစပ်အဆန်းလေးဖြစ်တာကြောင့် ချောကလက်ချစ်သူတွေရော ဆားဘဲဥ Fan တွေပါအကြိုက်တွေ့ကြမှာပါ…Cake decoration ကိုလည်း အခု အာရှမှာ trend ဖြစ်လာတဲ့ Donut Cake အသွင်ဖန်တီးပြထားပါတယ်…
 
Rose Syrup ကိတ်ကတော့ အနံ့မွှေးမွှေးလေးနဲ့ အင်မတန်ဆွဲဆောင်မှုရှိသော ကိတ်လို့ဆိုရပါမယ်..မုန့်သားနှစ်နှစ်..ခရင်မ်နှစ်နှစ်နဲ့ လေးလေးပင်ပင်စားကောင်းသောကိတ်လို့ဆိုရပါမယ်. အရောင်လှလှ ဖာလူဒါနံ့မွှေးမွှေးလေးနဲ့ classy deco လေးနဲ့ကိတ်လေးတွေဟာ မွေးနေ့ပွဲများအတွက် အရမ်းသင့်တော်ပါတယ်..
 
 
▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • Triple Durian Cake
    • ကိတ်လုပ်နည်း အသေးစိတ်
    • ဒူးရင်းခရင်မ်ပြင်နည်း
    • ဒူးရင်းပုံစံငယ် decoration ပြုလုပ်နည်း
  • Chocolate Salted Egg Cupcake
    • ပြောင်ချောနေသော မျက်နှာပြင် ရအောင်လုပ်ထားသော Cupcake လုပ်နည်း
    • ဆားဘဲဥခရင်မ်လုပ်နည်း
    • Donut cake ပုံသွင်းနည်း
  •  Rose Syrup Cupcake
    • ကိတ်လုပ်နည်း အသေးစိတ်
    • ခရင်မ်ပြင်နည်း
    • ကိတ်ပေါ်တွင် ခရင်မ်ဖြင့်ပန်းဆွဲနည်း အခြေခံ
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုပေါင်းများစွဖြင့်ာသင်ပေးသွားမှာ ဖြစ်ပါတယ်။
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက် Trainer မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $95 ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး 95000 ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸မွေးနေ့ကိတ်အတွက် ကိတ်သားလုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸နူးညံ့သော မုန့်သားရအောင်ဖန်တီးနည်း

🔸စနစ်တကျ အအေးခံနည်း

🔸မုန့်အလှမဆင်ခင် သိမ်းနည်း

🔸မတူသော ခရင်မ်များအား ရွေးချယ်ခြင်း
🔸ခရင်မ်မွှေနည်း
🔸ခရင်မ်အရောင်စပ်နည်း၊ ကိုင်တွယ်နည်း

🔸ပန်းဆွဲနည်း အခြေခံများ ( basic piping techniques)

🔸ကိတ်အလှဆင်ခရင်မ်ပတ်နည်း

Evy's 55 cover_2013
Learn from

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်