Sweet & Savoury Pastries

Sweet & Savoury Pastries

SGD/AUD $100

(မြန်မာပြည်တွင်းနေထိုင်သူများအတွက် အထူးစျေး  100000kyats)

Course Features

Sweet & Savoury Pastries

ဒီသင်တန်းလေးကတော့ မအိရဲ့ သင်တန်းတွေထဲမှာ နည်းနည်းထူးခြားတဲ့ သင်တန်းပါ။
 
ခါတိုင်းသင်တန်းတွေလို ကိတ်တွေ၊ အလှဆင်တဲ့ အပိုင်းတွေမဟုတ်ပဲ နောက်ဘာသာရပ်တစ်ခုဖြစ်တဲ့ Pastry အပိုင်းကို စပြီးမိတ်ဆက်တဲ့ သင်တန်းမို့လို့ပါပဲ။ မုန့်ဝါသနာရှင်တွေပဲ ဖြစ်ဖြစ်၊ high end home bakery တွေအတွက်ပဲဖြစ်ဖြစ် pastry အပိုင်းကို စိတ်ပါဝင်စားပြီး လေ့လာချင်သူတွေအတွက် စီစဉ်ဖြစ်တဲ့ Pastry series တွေထဲက ပထမဆုံးတစ်ခုပါ။
 
 

Course Details:

ဒီသင်တန်းမှာ Puff Pastry လုပ်နည်းကို မအိက အလွယ်ဆုံးနဲ့ အရှင်းဆုံးဖြစ်အောင် အစအဆုံး သင်ပြထားပါတယ် ။
 
ဒီမုန့်ရဲ့အားသာချက်ကတော့ ချက်ခြင်းလုပ်် ချက်ခြင်းဖုတ်စရာမလိုပဲ Pastry လုပ်ထားပြီး ရေခဲသေတ္တာထဲ အချိန်ကာလာ ကြာမြင့်အောင် သိမ်းထားပြီး မိမိအဆင်ပြေတဲ့ အချိန်မှာမှ ဖုတ်နိုင်တာပါပဲ။ Puff pastry ကိုသုံးပြီး sweet & savoury မုန့်မျိုးစုံကို ဖန်တီးနိုင်တာကြောင့် အသုံးဝင်မှုကိုတော့ ခန့်မှန်းကြည့်လို့ရပါလိမ့်မယ်။
 
ကလေးလူကြီး tea break/ ကျောင်း၊ ရုံးမှာ အဆာပြေ သို့မဟုတ် နေ့လယ်စာအချိန်အတွက် သယ်ယူထုတ်ပိုးရလွယ်ကူအဆင်ပြေတဲ့  sweet & savory မုန့်တွေကို puff pastry သုံးပြီး ဖန်တီးပြထားပါတယ်။
 
 
▪️သင်တန်းမှာဘာ topics တွေသင်ကြားပေးမလဲ
 
  • မုန့်ဖုတ်ရာမှာ သုံးတဲ့ကုန်ကြမ်း ပစ္စည်းများအကြောင်း အခြေခံ ဗဟုသုတများ
  • Basic Puff Pastry လုပ်နည်း ( Step by step guide)
  • Palmier လို့ခေါ်တဲ့ မုန့်ကြွပ်ကို puff pastry သုံးလုပ်နည်း
  •  Modern apple strudel လုပ်နည်း (very detail videos)
  • Beef puff (savoury) လုပ်နည်း
  • Puff pastry လုပ်ရာမှာ လိုအပ်တဲ့ ပစ္စည်းများ၊ ingredients များ
     
အစရှိသဖြင့် အသေးစိတ် HD ဗီဒီယိုများ နဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။
 
 
▪️သင်ကြားမှုပုံစံ
 
  • Facebook Group (Lifetime access)
  • Pre-recorded high quality videos ( မအိဘေးမှာလာသင်နေသလိုမျိုး မြင်ရစေဖို့ ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးထားသော video များနဲ့သင်ကြားပေးခြင်း)
  • သင်တန်းကာလ အချိန်ကန့်သတ်ချက်မရှိ မိမိတို့ အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်ခြင်း
  • သိချင်သော မေးခွန်းများအတွက်  မအိကို မက်ဆေ့ချ်ပို့ပြီး တိုက်ရိုက်မေးနိုင်ခြင်း
 
▪️Why Learn with Evy?
 
  • မအိဟာ မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တာမို့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် မုန့်ဖုတ်သင်တန်းတွေကို အပြင်မှာရော online မှာပါပေးခဲ့ပြီး ကျောင်းသားပေါင်း ၁၉၀၀ ကျော်ကို သင်ပေးခဲ့တဲ့ အတွေ့အကြုံလည်းရှိပါတယ်။ ဒါကြောင့်မို့လို့ သင်တန်းသူ/သားတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ လုပ်တတ်တဲ့ အမှားလေးတွေကို သိပြီးပိုပြီး မြန်မြန်ဆန်ဆန် troubleshoot/ guide လုပ်ပေးနိုင်ပါတယ်
 
▪️သင်တန်းကြေး
 
  • AUD/ SGD $100 ဖြစ်ပြီး မြန်မာပြည်တွင်း နေထိုင်သူများအတွက် အထူးစျေး ၁၀၀၀၀၀ ကျပ်ဖြစ်ပါတယ်
  • Oversea Student – Paypal/ Singapore DBS/ POSB သို့မဟုတ် Australia NAB အကောင့်ကို လွှဲနိုင်ပါတယ်
  • မြန်မာပြည်တွင်းကျောင်းသားများအနေနဲ့ Kpay/ KBZ Acc ကိုလွှဲနိုင်ပါတယ်
 
Join Now Button ကိုနှိပ်ပြီးသင်တန်းအပ်နိုင်ပါပြီ
သင်တန်းကြေးလွှဲပြီးလို့ receipt ကို မအိတို့ဆီ ပိုပြီးတာနဲ့ Group ထဲကို ထည့်ပေး မှာဖြစ်ပါတယ်
 အားလုံးကို ကျေးဇူးတင်ပါတယ်နော်

Course Content

🔸သင်တန်းအကြောင်း မိတ်ဆက်

🔸မအိရဲ့ မုန့်လုပ်နည်း လေ့လာမျှဝေခဲ့ပုံများ

🔸မုန့်လုပ်ရာမှာသုံးတဲ့ ingredients များအကြောင်း

🔸မုန့်ဖုတ်ရာတွင် သိသင့်သောအခြေခံစက် ပစ္စည်းများ၊ Utensil များအကြောင်း

🔸 Puff Pastryလုပ်နည်း အသေးစိတ်အဆင့်ဆင့်

🔸Palmier – အသဲပုံpastry မုန့်ပြင်ဆင်နည်း အသေးစိတ်အဆင့်ဆင့်

🔸အရသာကောင်းလှတဲ့ Apple Strudel လုပ်နည်း၊ filling cream လုပ်နည်း အဆင့်ဆင့်
 

🔸 Beef Puff – အသားမုန့်လုပ်နည်း (နှစ်သက်ရာ အသားအစားထိုးပြုလုပ်နိုင်ပါသည်)

Evy's 55 cover_2013
Learn From

Evy

Evy (မအိ) – မုန့်လုပ်နည်းတွေကို ကိုယ်တိုင်လုပ်ပြီးမျှဝေခဲ့တာ သက်တမ်း ၁၃ နှစ်ကျော်ရှိပြီဖြစ်တဲ့ အတွေ့အကြုံများတဲ့ baker တစ်ယောက်ပါ

၂၀၀၉ခုနှစ်မှာ Blog စာမျက်နှာမှတဆင့် မုန့်လုပ်နည်းများစတင်မျှဝေခဲ့ပါတယ်

Singapore BITC ကနေ အခြေခံကိတ်လုပ်နည်းများ၊ ကိတ်အလှအဆင်သင်တန်းများ တက်ရောက်ခဲ့ပြီး Australia နိုင်ငံရှိ Baking School များတွင်လည်း ကိတ်ပညာရပ်များလေ့လာ တတ်မြောက်ခဲ့ပါတယ်